မိုးနဲ မတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၄ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မြို့နယ် အားကစားကွင်း နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပေးခဲ့ပြီး သင်တန်းနည်းပြများအား ဦးဝင်းမြင့်နှင့်တကွ တာဝန်ရှိသူများ က ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်များပေးအပ်ခဲ့ကြသည်။ ထို့နောက် အားကစားအမျိုးအစားအလိုက် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ရာ သင်တန်းသူ၊သင်တန်းသားများကိုယ်စား ၂ ဦးစီ တက်ရောက်ယူခဲ့ကြပြီး ကြွရောက်လာသော ဧည့်ပရိတ်သက်များအား အေရိုးဗစ်အကဖြင့် ပြန်လည်ကပြဖျော်ဖြေခဲ့ကြရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အချိုရည်နှင့် မုန့်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့အထိ ၂၂ ရက်တာ အေရိုးဗစ်သင်တန်း၊ ကြက်တောင်ရိုက်သင်တန်း၊ ဘော်လီဘောသင်တန်း၊ ပိုက်ကျော်ခြင်းသင်တန်းနှင့် ဘောလုံးသင်တန်းများ ပို့ချပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)