ဖျာပုံ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်/ ကျေးရွာများသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို မတ်လ(၃)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်းရှိ အဘိုး၊ အဘွားများထံ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက် (၁၉) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၄)အုပ်စုအတွင်းမှ အသက်(၈၅)နှစ်အထက် အဘိုး (၃၁၅) ဦး၊ အဘွား (၅၁၅) ဦး၊ စုစုပေါင်း ဘိုး/ဘွား (၈၃၀)ဦးတို့အတွက် ဧပြီ၊ မေနှင့် ဇွန်လအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၄၉၀၀၀၀၀)သိန်းအား၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ထွေးကြည်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက နေ့ရက်အလိုက် ဘိုးဘွားများ၏ လူမှုရေးပင်စင်များအား လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ကြကြောင်း၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင် (ပြန်/ဆက်)