ကော့ကရိတ် မတ် ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို တတိယကြိမ်လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ၁၃ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝေက နိုင်ငံတော်မှ ဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းသည် ဝင်ငွေလုံခြုံမှုရှိစေရန်၊ လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်စွမ်းရှိစေရန် ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ဘိုးဘွားများတို့၏ လက်ထဲသို့ထောက်ပံ့ငွေများ ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးစေရေးစသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် လူမှူရေးပင်စင်ထောက်ပံ့ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝေနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များမှ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာတာဝန်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကေ့ာကရိတ်မြို့နယ်အတွင်းရှိ ကျုံဒိုးမြို့ပေါ်ရပ်ကွက် (၄)ခု၊ ကျေးရွာ (၂၆)အုပ်စုရှိ ဘိုးဘွား(၅၉၆)ဦးအား တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ကျပ်(၁၇၈၈၀၀၀၀) တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)