စလင်း မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စလင်းမြို့ ယာဥ်ထိန်းရဲတပ်ဖွဲ့ စုမှူးရုံးမှ တပ်ဖွဲ့ဝင်များက နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စလင်းမြို့ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ယာဥ်ထိန်းရဲတပ်ဖွဲဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းဝေးစေရေးအတွက် စျေးသွားစျေးလာဆိုင်ကယ်များ၊ ခရီးသွားကားများနှင့် အနှေးယာဥ်များအပါအဝင် စာမေးပွဲဖြေဆိုနေစဥ်ကာလအတွင်း ယာဥ်လမ်းကြောပိတ်ဆို့မှု မဖြစ်ပွားစေရေး၊ ယာဥ်လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ဟွန်းသံများဆူညံစွာမတီးရေး၊ ယာဥ်တိုက်မှုမဖြစ်ပေါ်စေရေးတို့ကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန ကျောင်းသား၊ ကျောင်းသူများဖြေဆိုရန် သွားရာကျောင်းအဝင်လမ်းများဖြစ်သည့် စျေးလမ်းနှင့် စလင်းမင်းဘူးကားလမ်းမကြီး၊ ကျောင်းအဝင်လမ်းဆုံတို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူအားလုံးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရူပဗေဒ/သမိုင်းဘာသာရပ်များကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
(မောင်လွင်)စလင်း