ကျောက်ကြီး မတ်လ ၁၅
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းအချိန်ကစတင်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းအစီအစဥ်ကို နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ငွေပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့ပေါ် (၇) ရပ်ကွက်ရှိ အသက် (၈၅) အထက် အဘိုးအဘွား (၅၂) ဦးအား ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ) (တတိယ) (၃) လပတ်အတွက် လူမှုရေးပင်စင် အဘိုးအဘွားတစ်ဦးလျှင် တစ်လ (၃) သောင်းကျပ်နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကျေးစာရေးများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက်နေ့ချင်းပြီး လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)