ဒဂုံမြို့နယ်တွင် ကျမ်းမာရေးနှင့်ညီညွတ်မှုရှိစေရန် လမ်းဘေးစားသောက်ဆိုင်များအား လိုက်လံစစ်ဆေး
Mar 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် (၁၃.၃.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅း၁၀) နာရီအချိန်တွင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းနှင့် ယောမင်းကြီးလမ်းရှိ လမ်းဘေးဆိုင်များတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချနိုင်ရေးအတွက် လမ်းဘေးစျေးဆိုင်များအား လိုက်လံစစ်ဆေးခြင်း ကျန်းမာရေးအသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။