နမ့်စန်(တ) မတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ရည်မှန်းချက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက လူငယ်နှင့်အားကစား၊ အားကစားနှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ကာ တက်ရောက်လာကြသူများကို အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ နွေရာသီ အခြေခံအားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ (၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)