ကျွန်းစု မတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲစတုတ္ထနေ့ ပထဝီဝင်နှင့်ဓာတုဗေဒဘာသာရပ်ကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ အတွင်းဖြေကျောင်းသား (၉၈)ဦး၊ ကျောင်းသူ (၁၄၈)ဦးနှင့် ပြင်ပမှဖြေဆိုရန် ကျောင်းသား (၅)ဦး၊ ကျောင်းသူ (၂၃)ဦး၊ စုစုပေါင်း (၂၇၄)ဦးရှိရာ ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား (၂၁)ဦး၊ ကျောင်းသူ (၂၈)ဦး၊ စုစုပေါင်း (၄၉)ဦးနှင့် ဓာတုဗေဒဘာသာရပ်တွင် ကျောင်းသား (၇၁)ဦး၊ ကျောင်းသူ (၁၃၈)ဦး၊ စုစုပေါင်း (၂၀၉)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဘာသာရပ်များဖြေဆိုမှုရာခိုင်နှုန်း (၉၄.၁၆%) ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၁၁)ဦး၊ ကျောင်းသူ(၅)ဦး၊ စုစုပေါင်း (၁၆)ဦး၊ ပျက်ကွက်မှု ရာခိုင်နှုန်း (၅.၈၄%)ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)