ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြေပဲ (ဗီယက်နမ်မျိုး) စိုက်ခင်းစံကွက်ရိတ်သိမ်းနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒိုက်ဦး မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာ၊ ကွင်းအမှတ် (၄၅၇-င) ရှိ တောင်သူ ဦးထင်ကျော်၏ မြေပဲစိုက်ခင်း (ဗီယက်နမ်မျိုး) တစ်စပ်တည်း (၂၂) ဧကစိုက်ခင်းတွင် စံကွက်အား ယနေ့နံနက်ပိုင်းက ရိတ်သိမ်းရာ ၁ ဧကလျှင် ပျမ်းမျှ (၁၂၂.၅) တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါမြေပဲခူးစွတ်ရာသို့ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဝင်များ စိုက်ပျိုးရေးစိတ်ဝင်စားသောတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)