သံဖြူဇရပ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

သံဖြူဇရပ် မတ် ၁၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ် (၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် စျေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဝက်သားတစ်ပိဿာ ကျပ် (၁၃၀၀၀)၊ အမဲသား တစ်ပိဿာ ကျပ် (၁၄၀၀၀)၊ စားသုံးဆီတစ်ပိဿာကျပ် (၅၈၀၀)၊ ကြက်ဥတစ်လုံး ကျပ် (၂၅၀) ဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူများ စည်ကားလျက်ရှိပြီး အပတ်စဥ် သောကြာနေ့တိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)