မောက်မယ်မြို့နယ် Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲ ကျင်းပ

မောက်မယ် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။ 

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲတွင် မြို့နယ်အဆင့် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က လူမှုဝန်ထမ်းဦးစီးဌာန၏ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန် (၇) ရပ်၊ကလေးသူငယ်များ၏အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဌာနအနေဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မောက်မယ်မြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းထားရှိပြီးကြောင်းဖြစ်သဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းလုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိ ပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီများ (၁၀) ဦးတက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)