ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာနှင့်ပထဝီဝင်ဘာသာရပ်များကို ဆက်လက်ဖြေဆို

ဘုတ်ပြင်း မတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာနှင့်ပထဝီဝင်ဘာသာရပ်များကို ယမန်နေ့နံနက်ပိုင်းမှ အ.ထ.က-ဘုတ်ပြင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း အ.ထ.က-ဘုတ်ပြင်းစာစစ်ဌာနတွင်  ဓာတုဗေဒဘာသာကို စာရင်းရှိဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၅ ဦးရှိရာ ကျောင်းသား၊ ကျောင်းသူ (၂၅၃)ဦး ဖြေဆိုကြပြီး ပျက်ကွက်(၁၂)ဦး (၉၂ ဒသမ ၇၃ ရာခိုင်နှုန်း) ဖြေဆိုကြပြီး၊ ပထဝီဝင်ဘာသာကို စာရင်းရှိဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁) ဦးရှိရာ ကျောင်းသူ (၁)ဦး ဖြေဆိုကြပြီး (၁၀၀ ရာခိုင်နှုန်း) ဖြေဆိုကြကြောင်း သိရသည်။

အ.ထ.က-ဘုတ်ပြင်းစာစစ်ဌာနတွင် စုစုပေါင်းစာရင်းရှိ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၆၆ ဦးရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၄ ဦး (၉၂ ဒသမ ၇၇ ရာခိုင်နှုန်း) ဖြေဆိုကြပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂ ဦး (၇ ဒသမ၂၃ ရာခိုင်နှုန်း) ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။

စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)