ဒေးဒရဲ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်ရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်မီငြှိမ်းသတ်နိုင်ရေး ရည်ရွယ်၍ မတ်(၁၃)ရက်နေ့ ညနေ (၃) နာရီ ဒေးဒရဲမြိုနယ်၊ အမှတ် (၂) ရပ်ကွက်ရှိ ငြိမ်းချမ်းဧရာစက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ကျင်းပခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းဧရာ စက်သုံးဆီ အရောင်းဆိုင်မှ အရောင်းဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးက မီးဘေးလုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးဆွေးနွေးခြင်း မီးလောင်မှု အခြေခံသဘောတရားနှင့် မီးငြှိမ်းသတ်ခြင်းစနစ်၊ မီးအမျိုးအစားခွဲခြားခြင်း၊ လျှပ်စစ်မီးလောင်မှု ဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရန်နည်းလမ်းများနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများ မီးလောင်မှုဖြစ်ပွားသည့် အခြေအနေများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများအဖြစ် ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)