နွားထိုးကြီး မတ် ၁၅
၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝှမ်း မတ်လ ၁၁ ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ရက်နေ့မှ မတ်လ ၁၉ရက်နေ့အထိ တစ်နေ့လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃)နာရီအကြာ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁ ခု ဖြစ်သော အ.ထ.က-နွားထိုးကြီး၌ ဓာတုဗေဒဘာသာတွင် စာရင်းရှိကျောင်းသား (၁၀၆)ဦး၊ ကျောင်းသူ (၂၄၄)ဦး ရှိပြီး၊ စုစုပေါင်း (၃၅၀)ဦး၊ ဝင်ရောက်ဖြေဆိုသူကျောင်းသား (၁၀၀)ဦး၊ ကျောင်းသူ (၂၃၈)ဦး ဝင်ရောက်ဖြေဆိုပြီး၊ ပျက်ကွက်ကျောင်းသား (၆)ဦး၊ ကျောင်းသူ (၆)ဦး၊ စုစုပေါင်း(၁၂)ဦး၊ ပထဝီဝင်ဘာသာတွင် စာရင်းရှိကျောင်းသား (၁၈)ဦး၊ ကျောင်းသူ (၂၅)ဦးရှိပြီး၊ စုစုပေါင်း (၄၃)ဦး၊ ဝင်ရောက်ဖြေဆိုသူကျောင်းသား (၁၆)ဦး၊ ကျောင်းသူ (၂၄)ဦး၊ ပျက်ကွက်ကျောင်းသား (၂)ဦး၊ ကျောင်းသူ(၁)ဦး၊ စုစုပေါင်း (၃)ဦး ပျက်ကွက်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်