သတင်းများ

မိုးနဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်း
Mar 23,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများ အကျယ်တဝင့်သိရှိနိုင်စေရန် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လွိုင်မြေရပ်ကွက်ရှိ ဦးရွှေအောင်စေတီဘုရားဓမ္မာရုံနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန်းရွှေစက်တော်ဘုရားပွဲသို့ လှည်းယာဉ်များဖြင့် ဘုရားသွားရောက်သော ချစ်စရာရိုးရာဓလေ့ကို ယနေ့အထိတိုင် လက်ဆင့်ကမ်းထိန်းသိမ်းလျက်ရှိသည့် မင်းလှကျင်းကျေးရွာ
Mar 23,2024
မြန်မာနိုင်ငံအတွင်း၌ ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဘုရားပွဲတော်သို့ လှည်းယာဉ်များဖြင့် ဘုရားဖူးသွားရောက်သည့် ချစ်စရာရိုးရာဓလေ့သည် မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာ တစ်ရွာသာကျန်ရှိတော့သည်။
ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုမှု သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 23,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုမှု သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၁ ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်က အ.ထ.က (ပန်းတောင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြိူ့နယ်၌ အိမ်ထောင်စုလူဦး‌ရေစာရင်း မရှိသေးသူများအား မြို့နယ်(၅)ဦး ကော်မတီမှ စီစစ်၍ ပြုလုပ်ဆောင်ရွက်ပေး
Mar 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအား မြို့နယ်(၅)ဦး ကော်မတီဖြင့်စီစစ်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂) နာရီတွင် အမှတ် (၂၇)ရပ်ကွက် ကရင်ချောင်းကွင်းရှိ ပြည်သူများအား လမ်းသွယ် (၃) မူကြိုကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Mar 23,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ ကာကွယ်ဆေး ထိုးနှံခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်း စသည့် ကျန်းမာရေးအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန်နှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီစောင့်ရှောက်မှုများ ရရှိနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးခြင်းဆိုင်ရာလုပ်ငန်းများ အလုပ်ရုံးဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမနှင့် အထက်တန်းကျောင်း (ခွဲ) တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Mar 23,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှမ်းပြည်နယ် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 23,2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၄)လမ်းသွား ဆိပ်ကမ်းသာ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Mar 23,2024
၂၀၂၄ ခုနှစ်၊ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ (၄)လမ်းသွား ဆိပ်ကမ်းသာကွန်ကရစ်လမ်းဖောက် လုပ်ခြင်း၊ ကွန်ကရစ်လမ်းချဲ့ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လမ်းလည်ကျွန်းတည် ဆောက်ခြင်းဆိုင်ရာ လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ ဆိပ်ကမ်းသာလမ်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။