ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုမှု သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပန်းတောင်း မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုမှု သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၁ ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်က အ.ထ.က (ပန်းတောင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပန်းတောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးမှ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ် အသုံးပြုခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ ကျောင်းသားတစ်ဦးချင်းညွှန်းပို့ပုံစံများတွင် ဖြည့်သွင်းရမည့် ကိုယ်ရေးအချက်အလက်ဆိုင်ရာများ ကျန်းမာရေးစစ်ဆေးတွေ့ရှိရသော ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍လည်းကောင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွင် ဖြည့်သွင်းရမည့် ကိုယ်ရေးအချက်အလက်များ၊ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်းရာဇဝင်၊ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများနှင့် အခြားရောဂါလက္ခဏာများနှင့် ပတ်သက်၍ ဖြည့်သွင်းစစ်ဆေးဆောင်ရွက်ရမည့် မှတ်တမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်၊၊

ဆက်လက်၍ အခမ်းအနားတက်ရောက်လာသော ဆရာ၊ ဆရာမများက ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကဒ်အသုံးပြုခြင်းနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသိန်းဒန်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။ ၎င်းသင်တန်းဆင်းပွဲသို့ ပန်းတောင်းမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းကျန်းမာရေးတာဝန်ခံနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၃၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်၊၊

လပြည့်လင်း (ပြန်/ဆက်)