၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းအမရပူရ၌ ဖွင့်လှစ်
Mar 21,2024
၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့် (KG) ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်တွင် ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ အသီးသီးဖြည့်သွင်းရန် အချက်အလက်များ ပါဝင်သဖြင့် ကျောင်းအုပ်ကြီးများနှင့် မူလတန်းဆင့် ဆရာ၊ ဆရာမများ နားလည်သဘောပေါက် တတ်ကျွမ်းမှုရှိစေရန်၊ "ကျောင်းကျန်းမာ ရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကိုယနေ့နံနက် ၉ နာရီအချိန်က အမှတ် ၁ အခြေခံပညာ အထက်တန်း ကျောင်း၊ အမရအောင်မြေခန်းမတွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။