မင်းလှမြို့နယ် ရေခါးကျေးရွာတွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနေအိမ်များ ပြုပြင်ခြင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Mar 23,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းလှမြို့နယ် ရေခါးကျေးရွာနှင့် ကညှင်းကြီးကျေးရွာတို့တွင် လေပြင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူနေအိမ် (၁၄၀) လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေခါးကျေးရွာ၌ နေအိမ်များ ပြုပြင်ခြင်းဆောင်ရွက်နေမှုကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်းခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်နီလာဦးနှင့် ဝန်ထမ်းများက နေ့ မတ်လ ၂၁ ရက်နေ့ ညနေ (၄) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရသည်။