သတင်းများ

ရေကြည်မြို့နယ် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မြို့နယ်သံဃာနယကအဖွဲ့၏ ဦးဆောင်မှုဖြင့် တပေါင်းလဆန်း(၁၄၊ ၁၅)လပြည့်ကျော်(၁)ရက် မတ်လ (၂၃ရက်နေ့မှ၂၅)ရက်နေ့အထိ ရှေးအစဉ်အလားအတိုင်း စီစဉ်ကျင်းပသွားမည်ဖြစ်သည်။
ရေကြည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က ကွင်းဆင်းအသိပညာပေးရှင်းလင်းခြင်းများ ဆောင်ရွက်
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က ကွင်းဆင်းအသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့နံနက် (၁၂) နာရီအချိန်ခန့့်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၉)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 23,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် (၇၉)နှစ်​မြောက် တပ်မ​တော်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူခရိုင်ရုံးတွင် ရုံးစာရေးသားနည်းသင်တန်းဆင်းပွဲ ပြုလုပ်
Mar 23,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
မူးယစ်ဆေးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Mar 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
လွိုင်လင်မြို့တွင် နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပပါသည်။
ပုဂံမြို့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ကြယ်လိပ်ဥများ ၁၅၅၀ လုံးဥဥထားပြီး ရာနှုန်းပြည့်သားပေါက်ရန်မျှော်လင့်
Mar 23,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ သစ်တောဦးစီးဌာန၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိသည့် မြန်မာ့မျိုးရင်း ကြယ်လိပ်များ ယခုနှစ်တွင် ထောင်နှင့်ချီဥဥထားပြီးဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် တာဝန်ရှိသူများထံက သိရသည်။
ရေကြည်မြို့နယ်အတွင်းရှိ ချင်းကုန်း-‌ချောင်းဖျား-ငပိဆိပ်လမ်း ကွန်ကရစ်လမ်းသစ်အား ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ(၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အောင်ကမ္ဘာကုမ္ပဏီက တင်ဒါအောင်မြင်ဆောင်ရွက်သည့် ချင်းကုန်း-‌ချောင်းဖျား-ငပိဆိပ်လမ်း (လမ်းအရှည် (၀)မိုင် (၄)ဖာလုံ၊ အကျယ်(၁၂)ပေ၊ ထု(၇)လက်မ)ရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ရန်ပုံငွေကျပ်(၂၁၂.၂၂၀)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။