လှိုင်းဘွဲ မတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်း စသည့် ကျန်းမာရေးအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန်နှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီစောင့်ရှောက်မှုများ ရရှိနိုင်စေရန်အတွက် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးခြင်းဆိုင်ရာလုပ်ငန်းများ အလုပ်ရုံးဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမနှင့် အထက်တန်းကျောင်း (ခွဲ) တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေက ဦးဆောင်၍ ကျောင်းအုပ် ဆရာ/ ဆရာမကြီးများက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်တိုင်းတာပေးခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုစစ်ဆေးခြင်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းခြင်းများ၊ ပုံမှန်ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်းများ စသည့် အချက်အလက်များကို ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်တွင် အချက်အလက်များ စနစ်တကျဖြည့်သွင်းခြင်း၊ စစ်ဆေးမှုမှတ်တမ်း စာအုပ်များထားရှိခြင်း၊ ကျန်းမာရေးဌာနနှင့် ချိန်ဆက်ဆောင်ရွက်ခြင်းတို့ကို မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့ထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမတွင် ဆရာ/ ဆရာမ (၃၄၈) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ဆရာ/ ဆရာမ (၂၅၂) ဦး၊ စုစုပေါင်း ဆရာ/ ဆရာမ (၆၀၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
စောဒိ (ပြန်/ဆက်)