ရွှေပြည်သာမြိူ့နယ်၌ အိမ်ထောင်စုလူဦး‌ရေစာရင်း မရှိသေးသူများအား မြို့နယ်(၅)ဦး ကော်မတီမှ စီစစ်၍ ပြုလုပ်ဆောင်ရွက်ပေး

ရွှေပြည်သာ မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအား မြို့နယ်(၅)ဦး ကော်မတီဖြင့်စီစစ်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂) နာရီတွင် အမှတ် (၂၇)ရပ်ကွက် ကရင်ချောင်းကွင်းရှိ ပြည်သူများအား လမ်းသွယ် (၃) မူကြိုကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးရာတွင် မြို့နယ်(၅)ဦး ကော်မတီဝင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသောင်းမိုး၊ စီမံကိန်းဦးစီးမှူး ဒေါ်နွယ်နီအေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းနှင့် အမှတ်(၂၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန်းတို့မှ စီစစ်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူ အိမ်ထောင်စု (၂၅)စုအား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးရာသို့ မြို့နယ်(၅) ဦးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်သူ (၇၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)