သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်
Mar 23,2024
ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
လူထုအခြေပြုဗဟိုဌာနကော့မှူး၌ “ခယောင်းလမ်းမှပန်းလွင်ပြင်ဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 23,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်းသိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲသို့တက်ရောက်
Mar 23,2024
၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်အတွင်း ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အပါအဝင် ခရိုင်မြို့ကြီးများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
ခရမ်းမြို့နယ်ရှိ အငြိမ်းစားနိုင်ငံဝန်ထမ်းပင်စင်စားများအား ကိုဗစ်ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံ
Mar 23,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကိုဗစ်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို မတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Mar 23,2024
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ် ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း အဆိုပါမြန်မာ့စီးရေးဘဏ်မှ သိရသည်။
ဖျာပုံမြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဇောင်း-ပုလဲကျေးရွာချင်းဆက်လမ်းပေါ်ရှိကွန်ကရစ်တံတားသစ်ဖွင့်
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သောကဇောင်း-ပုလဲ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ် ဖွင့်ပွဲကို ယမန်နေ့လယ်ပိုင်းအချိန်က အဆိုပါ ကျေးရွာတံတားမုဒ်ဦးရှေ့တွင်ပြုလုပ်ခဲ့သည်။
မအူပင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် အထွဋ်ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲကျင်းပ
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အထွဋ်ဘုံ အဆင့်ဆင့် တင်လှူပူဇော်ပွဲကို ယနေ့နံနက် (၇)နာရီမှ စတင်ကျင်းပခဲ့သည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြု၍ သန်လျင်မြို့နယ် ရုံးသပြေကန်ကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကျင်းပ
Mar 23,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ရုံးသပြေကန်ကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီတွင် အဆိုပါ ဂဝံလမ်းထိပ်မုခ်ဦး၌ ကျင်းပသည်။