ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Mar 26,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအသိပညာများ တိုးပွားစေရေးအတွက် ရှောင်ရှားသင့်သည့် အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်တိုအတွင်း သိမှတ်နိုင်စေရန်နှင့် စာအုပ်စာပေဖတ်ရှုမှုတိုးတက်စေရန် ရည်ရွက်ချက်ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centreတွင် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။