သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအနီး၊ ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်မှ နွေစပါးစိုက်ပျိုးရေပေးဝေခြင်း အခမ်းအနားတက်ရောက်
Mar 26,2024
(၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအနီး၊ ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်မှ နွေစပါးစိုက်ပျိုးရေပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်စက်အနီးတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တောင်သူများ တက်ရောက်ကြသည်။
ကျောက်တန်းမြို့၊ ပါဒါကြီးကျေးရွာတွင် ကုန်ထုတ်မြေသားလမ်း လမ်းသစ်ဖွင့်ပွဲ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
Mar 26,2024
(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမ၀ါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာ ကုန်ထုတ်မြေသားလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်တွင် ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 26,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်  ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယမန်နေ့နံနက် ၁၁ နာရီက ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပသည်။
ရွှေကျင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲ ဆက်လက်ကျင်းပ
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က (ရွှေကျင်) ကျောင်း ပညာရတနာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့‌သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
Mar 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ အမှတ်(၇၅)သစ်စက်တွင် မီးလောင်မှုဖြစ်ပွား
Mar 26,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ အမှတ်(၇၅)သစ်စက်တွင် ယမန်နေ့နံနက် ၃ နာရီခွဲ အချိန်က လမ်းသွာလမ်းလာတစ်ဦးက ဆေးလိပ်တိုစွန့်ပစ်ခဲ့မှုကြောင့် သစ်စက်ဝန်း ခြံစည်းရိုးအပြင်ဘက်ရှိ မြက်ခြောက်များ မီးလောင်ပြီး စက်ရုံဝန်းအတွင်းရှိ အမှိုက်ပုံသို့ မီးကူးစက်ရာမှတဆင့် ပင်မစက်ရုံသို့ ထပ်မံ၍မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက် သုံးထပ်ကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်
Mar 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း၌ သုံးထပ်ကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်
Mar 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကံကွင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။