တာမွေမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

တာမွေ မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် သင်တန်းကျောင်းများတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် လူငယ်လူရွယ်လေးများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းခြင်းနှင့် ပတ်သက်သည့် အမျိုးသားရေးတာဝန်များ၊ ပြည်သူများအနေဖြင့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ရန်မလိုအပ်သည့်အကြောင်း၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလအပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များကိုလည်း ပြည်သူများ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။        

နိုင်လင်းအောင် (ပြန်/ဆက်)