ရန်ကုန် မတ် ၂၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအသိပညာများ တိုးပွားစေရေးအတွက် ရှောင်ရှားသင့်သည့် အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်တိုအတွင်း သိမှတ်နိုင်စေရန်နှင့် စာအုပ်စာပေဖတ်ရှုမှုတိုးတက်စေရန် ရည်ရွက်ချက်ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centreတွင် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ပြသခဲ့ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များအား ခင်းကျင်းပြသခဲ့ရာ ပြည်သူများနှင့် လူငယ်များက နံရံကပ်စာစောင်ပါ အချက်အလက်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)