သတင်းများ

ဇလွန်မြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်
Mar 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုသိမ်မြို့ သရောင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်အခါတော်သမယနေ့၌ စုပေါင်းလောင်းလှူကြသည့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ
Mar 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာ သရောင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီးတွင် နှစ်စဥ်တပေါင်းလပြည့်ရောက်တိုင်း ကျင်းပမြဲ​​ဖြစ်သည့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကြီးကို မတ်လ(၂၄)ရက်၊ ညနေ(၄)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့နယ်၌ (၁၁၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်
Mar 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ရန်ကင်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော ခန္တီးမြို့ကျက်သရေဆောင် မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၁၁၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်
Mar 25,2024
ကချင်ပြည်နယ်၊ ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ပညာရေးဝန်ထမ်း ဆရာ/မများ သင်ကြားရေးဆိုင်ရာ တိုးတက်မြင့်မားစေရေး အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းများအား ဖွင့်လှစ်လျက်ရှိရာ မတ် ၂၅ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းများကို သတ်မှတ်နေရာများတွင် ဖွင့်လှစ်ခဲ့သည်။
စေတုတ္တရာမြို့နယ်၌ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကျင်းပ
Mar 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ ဖွင့်လှစ်သော ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း စေတုတ္တရာတွင် ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ကွန်ဟိန်းမြို့၌ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခန့်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့်၊ အလယ်တန်းဆင့်ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေပွဲပြုလုပ်
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့်၊ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကျင်းပပြုလုပ်
Mar 25,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။