မင်းလှမြို့၌ မြန်မာ့ရိုးရာယဉ်ကျေး မှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေး

မင်းလှ မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဗဟိုမဏ္ဍပ်တည်ဆောက်မည့် အစီအစဉ်၊ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးလုပ်ငန်းကော်မတီဖွဲ့စည်းထားရှိ‌ရေး၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေး၊ အခမ်းအနားပြင် ဆင်ဆောင်ရွက်နိုင်ရေး၊ အလှူ‌ငွေကောက်ခံရေးနှင့် ဒေသခံပြည်သူများအေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရေးစသည့် ကဏ္ဍအသီးသီးတို့ကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ညှိနိုင်းဆွေးနွေးခဲ့ကြသည်။

မင်းလှမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို အမှတ် (၅) ရပ်ကွက်၊ ရုံးလမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးပိုင်မြေကွက်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။

ပေါက်စ