လားရှိုးမြို့အနီး ရေအေးချောင်းတွင် အနားယူအပန်းဖြေသူများဖြင့် စည်ကား

လားရှိုး မတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးရှိ ရေအေးချောင်းတွင် အနားယူ၊ အပန်းဖြေသူများ၊ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရေအေးချောင်းတွင် အနားယူအပန်းဖြေသူများစီးရန်အတွက် ဝါးဖောင်များ၊ အပျော်စီးဒန်းများ ပြုလုပ်ပေးထားပြီး ဘန်ဂလိုလေးများအတွင်းတွင်လည်း အနားယူနိုင်ကြောင်း သိရသည်။

“လားရှိုးမြို့နဲ့ သိပ်မဝေးတော့ဒေသခံတွေအတွက် သိပ်အဝေးကြီးသွားပြီး လည်စရာမလိုတော့ဘူးပေါ့။ အခုချိန်က နွေရာသီဆိုတော့ ရေလာကစားကြတဲ့သူတွေများတယ်။ ဆိုင်မှာလည်း ရိုးရာအစားအစာနဲ့ ထမင်းမှာယူစားသောက်လို့လည်း ရပါတယ်။” ဟု ရေအေးချောင်းအနီး ဈေးဆိုင်ဖွင့်လှစ် ရောင်းချသူတစ်ဦးက ဆိုသည်။

လားရှိုးမြို့အနီး ရေအေးချောင်းသည် လားရှိုးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ရေပူစမ်းအနီး အပန်းဖြေစခန်းအနီးတွင်တည်ရှိပြီး ဒေသခံအများအပြားသွားရောက် အပန်းဖြေကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)