တာချီလိတ် မတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆေခမ်းရပ်ကွက်၊ လေယာဉ်ကွင်းသွားလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ယခုမတ်လကုန်တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးခွင့်ပြုရန်ပုံငွေကျပ် ၂၆၈.၈၅ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် လေယာဉ်ကွင်းသွားလမ်း အရှည်ပေ ၂၇၈၀၊ အကျယ် ၁၅ ပေ၊ ထု ၃ လက်မ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် အရှည် ၁၃၅ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၃ လက်မရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးတို့မှ မတ်လ ၂၃ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်း၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးရဲထွန်းတို့က လမ်းခင်းကျင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)