ဖျာပုံမြို့၌ အခြေခံပညာ အလယ်တန်းနှင့်မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်
Mar 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ပြဌာန်းထားသော သင်ရိုးနှင့်အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ကြားပြသနိုင်ရန် ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှိမြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။