ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ရှေးဦးသူနာပြုစုနည်း (၁၅/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ
Mar 26,2024
ပြင်ဦးလွင်မြို့နယ်သည် ခရီးသွားမြို့တော်တစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်လည်ပတ်သူပြည်သူများနှင့် စည်ကားသည့်မြို့ဖြစ်ရာ ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းဝေးစွာဖြင့် သွားလာလည်ပတ်နိုင်စေရန်၊ ယာဉ်မတော်တဆမှုများကြုံတွေ့လာပါက တတ်ကျွမ်းနားလည်စွာဖြင့် ရှေးဦးသူနာပြုစုနည်းများကို အသုံးချကာ အသက်ကယ်ရန် (Preserve life)၊ ထပ်မံ၍ထိခိုက်ဒဏ်ရာမရစေရန် (Prevent further injury) လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေရန် (Promote recovery) နှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရန် (Protect yourself) အတွက် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူး၍ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းသား/အသင်းသူ (၃၀) ဦးအား ရှေးဦးသူနာပြုစုနည်းများ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယမန်နေ့မွန်းတည့် ၁၂ နာရီက သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။