ဖျာပုံ မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ပြဌာန်းထားသော သင်ရိုးနှင့်အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျသင်ကြားပြသနိုင်ရန်ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှိမြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်က အခြေခံပညာနှင့် ပညာရေးမြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဓာတ် ၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေး စွမ်းရည်မြင့်မားသော အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ဖြစ်ပေါ်လာစေရေ ၊ ပညာရေးဝန်ကြီးဌာနမှ ပြောင်းလဲထားသော ပညာရေးစနစ်နှင့်အညီ သင်ရိုးသစ် ဘာသာရပ်များကို စနစ်တကျ သင်ပြနိုင်မည့် ဆရာ၊ ဆရာမများအား လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်း လာစေရေး လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းက ပို့ချပေးမည့် သင်ခန်းစာများကို သေချာမှတ်သား အသုံးချ၍ ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားပြသပေးသွားရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယပညာရေးမှူး ဦးမျိုးဝင်းက သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
အဆိုပါ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲသို့ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့် ဆရာ၊ ဆရာမ(၁၁၄၀)ဉီး ၊အလယ်တန်းဆင့် ဆရာ၊ ဆရာမ (၅၁၀)ဉီး စုစုပေါင်း(၁၆၅၀) ဉီးအား သင်တန်း ဆရာ၊ ဆရာမ (၁၁၀)ဉီးတို့က သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို (၂၅.၃.၂၀၂၄) ရက်နေ့မှ (၃၀.၃.၂၀၂၄) ရက်နေ့အထိ (Grade-6)မှ (Grade-9)၊ (KG)မှ (Grade-5) သင်ရိုးညွှန်းတမ်း ဘာသာရပ်များကို နေ့စဉ်နံနက်(၉)နာရီမှ ညနေ (၄)နာရီထိ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်
ခရိုင်(ပြန်/ဆက်)