သတင်းများ

ကျောက်ဆည်မြို့တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ(၃၇)ရွာ အကျိုးပြုမည့်  တံစိုးဂိတ်လမ်းအား ကတ္တရာခင်းခြင်း၊ လမ်းလယ်ခုံနှင့် မီးတိုင်စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ(၃၇)ရွာတို့အား တိုက်ရိုက်အကျိုးပြုမည့်  ကျောက်ဆည်မြို့ တောင်ဘက်ပိုင်းရှိ  တံစိုးဂိတ်မြို့အဝင်လမ်းအား ကတ္တခင်းခြင်း၊ လမ်းလမ်ခုံနှင့် လမ်းမီးတိုင်စိုက်ထူခြင်း လုပ်ငန်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  
ကန့်ဘလူ၌ အခြေခံပညာအလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် အခြေခံပန်းချီသင်တန်း (လယ်/ဆင့်)ဆင်းပွဲ ကျင်းပ
Mar 26,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် အခြေခံပန်းချီ သင်တန်း(လယ်/ဆင့်)ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၁၃၈၅ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများ စွမ်းရည်မြင့်မားရေး ‌ဆွေးနွေးပွဲအခမ်းအနားပြုလုပ်
Mar 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စွမ်းရည်မြင့်မားရေးအတွက် ဆရာ/ဆရာမများ ကောင်းမွန်သော သင်ကြားရေးဆိုင်ရာ အရည်အသွေးများနှင့် လုပ်ငန်းတတ်ကျွမ်းမှုဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ရိုးသစ်ဘာသာရပ်များကို ပိုမိုနားလည်တတ် ကျွမ်းလာစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ဆွေးနွေးပွဲကို ၂၄-၃-၂၀၂၄ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
Mar 26,2024
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးမြို့နယ် ကန်ပြားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကသာမြို့တွင် “စွန့်ပစ်အမှိုက်ညစ်ညမ်းမှုပြဿနာများနှင့် စွန့်ပစ်ရန်နည်းလမ်းများ” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Mar 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “စွန့်ပစ်အမှိုက် ညစ်ညမ်းမှုပြဿနာများနှင့် စွန့်ပစ်ရန်နည်းလမ်းများ” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်အ‌သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယာယီသင်တန်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မရမ်းကုန်းမြို့နယ်တွင် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို မရမ်းကုန်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်း‌ကျောင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ညောင်ရွှေမြို့နယ် တိလောကျေးရွာတွင် နွေစပါးစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 26,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယနေ့နံနက်(၈)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာတွင် တောင်သူဦးဌေးမှ (၃.၂)ဧက စိုက်ပျိုးထားသော နွေစပါးရွှေအပ်မျိုးစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ကောက်စိုက်သမများမှ ပျိုးပင်စိုက်ပျိုးနေမှုကို ကြည့်ရှုကြကြောင်း သိရသည်။