၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့်၊ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ဆွေးနွေးပွဲ ဖွင့်လှစ်ကျင်းပ

သာပေါင်း မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့်၊ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ဆွေးနွေပွဲကို ယမန်နေ့မတ်လ ၂၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၊သော်ကဆောင် အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်က ကျောင်းသား ဗဟိုပြုစနစ် လက်တွေ့ထိထိရောက်ရောက် အကောင်အထည်ဖော် သင်ကြားနိုင်ရန်၊အားနည်းချက်များကို အားသာချက်ဖြစ်လာစေရန် ဆွေးနွေးကြရန်နှင့်ဆွေးနွေးပို့ချချက်များကို သေချာစွာမှတ်သားစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူးဦးစိုးနိုင်က မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို သင်တန်းသား၊သင်တန်းသူ (၁၀၂၆)ဦးတို့ကို နည်းပြဆရာ(၇၀) ယောက်မှ စာသင်ခန်း(၃၅)ခန်း၊ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွန်းမံသင်တန်းသား၊ သင်တန်းသူ (၄၃၅) ဦးတို့ကို သင်တန်းနည်းပြ ဆရာ(၂၈)ဦးမှ စာသင်ခန်း (၁၄) တွင် (နံနက် ၉ နာရီမှ ညနေ ၃ နာရီ) အထိ (၂၅၊၃၊ ၂၀၂၄ ရက်နေ့မှ ၃၀၊ ၃၊ ၂၀၂၄) ရက်ကြာ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ကြားပို့ချ ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)