ပန်းတနော်မြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အ​ခြေခံပညာအလယ်တန်း/မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် မွမ်းမံသင်တန်း ဖွင့်လှစ်

ပန်းတနော် မတ်၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အခြေခံပညာ အလယ်တန်း/မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် မွမ်းမံသင်တန်း ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၁) အခြခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်းနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်မျိုးမှ သင်တန်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူးဦးသက်နိုင်အေးက သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ မူလတန်းအဆင့် သင်တန်းသား/ သူစုစုပေါင်း (၁၃၄၇)ဦးနှင့် အလယ်တန်းအဆင့် သင်တန်းသား/ သူ စုစုပေါင်း (၃၉၁) ဦးတို့အား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)