ကျောက်တန်းမြို့၊ ပါဒါကြီးကျေးရွာတွင် ကုန်ထုတ်မြေသားလမ်း လမ်းသစ်ဖွင့်ပွဲ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

ကျောက်တန်း မတ်လ ၂၆

(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမ၀ါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာ ကုန်ထုတ်မြေသားလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်တွင် ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းဆန်း၊ သန်လျင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးထွန်း၀င်းလတ်နှင့် ၀န်ထမ်းများ၊ ပါဒကြီးကျေးရွာ ကျေးရွာသူ/ ကျေးရွာသားများ တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းဆန်းမှ အဖွင့်အမှာစကားပြောကြားကာ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးထွန်း၀င်းလတ်မှ ကုန်ထုတ်မြေသားလမ်းခင်းခြင်း လုပ်ငန်းဆောက်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပါဒကြီးကျေးရွာ ရပ်မိရပ်ဖ ဦးထွန်းဝေမှ ကျေးရွာပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ပါဒါကြီးကျေးရွာ ကုန်ထုတ်မြေသားလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း၊ သန်လျင်ခရိုင်၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒေါ်စိုးစိုးမြင့်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးထွန်း၀င်းလတ်၊ ပါဒကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇေကိုလတ်၊ ရပ်မိရပ်ဖဦးထွန်းဝေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်၊၊ ထို့နောက် ပါဒကြီးကျေးရွာ ကုန်ထုတ်လမ်းသစ်အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

နေလင်းကျော် (ပြန်ဆက်)