ရွှေကျင် မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က (ရွှေကျင်) ကျောင်း ပညာရတနာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းအုပ်များနှင့် ဆရာ/ ဆရာမများ တက်ရောက်လျက်ရှိပြီး ဆရာ/ ဆရာမများ သင်ကြာမှုစွမ်းရည် ပိုမိုမြင့်မားလာကာ မိမိတို့အခန်းလိုက်ပို့ချလိုက်သည့် သင်ခန်းစာများအား စနစ်တကျလေ့လာ မှတ်သားထားပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်ပို့ချပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းအုပ်များနှင့် ဆရာ/ ဆရာမများ တက်ရောက်ပြီး သင်တန်းနည်းပြများက မတ်လ (၂၅) မှ (၃၀) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)