မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ အမှတ်(၇၅)သစ်စက်တွင် မီးလောင်မှုဖြစ်ပွား

မုံရွာ မတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ အမှတ်(၇၅)သစ်စက်တွင် ယမန်နေ့နံနက် ၃ နာရီခွဲ အချိန်က လမ်းသွာလမ်းလာတစ်ဦးက ဆေးလိပ်တိုစွန့်ပစ်ခဲ့မှုကြောင့် သစ်စက်ဝန်း ခြံစည်းရိုးအပြင်ဘက်ရှိ မြက်ခြောက်များ မီးလောင်ပြီး စက်ရုံဝန်းအတွင်းရှိ အမှိုက်ပုံသို့ မီးကူးစက်ရာမှတဆင့် ပင်မစက်ရုံသို့ ထပ်မံ၍မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မုံရွာမြို့နယ် မီးသတ်စခန်း၏ အနောက်မြောက်ဘက် (၈)မိုင်ခန့်အကွာ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၊ အမှတ်(၇၅)သစ်စက်တွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း နံနက် ၄ နာရီ ၁၃ မိနစ် အချိန်တွင် သတင်းရရှိသဖြင့် နံနက် ၄ နာရီ၁၄ မိနစ် အချိန်တွင် မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အင်အား(၆+၁၄)ဦး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၃)စီး၊ အင်အား(၅+၁၁)ဦးဖြင့် ထွက်ခွာငြှိမ်းသတ်ရာ နံနက် ၄ နာရီ  ၃၅ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် (ပင်မစက်ရုံ) သွပ်မိုး၊ ပျဉ်ခင်း၊ အကာမရှိ၊ တိုင်ထောင်တစ်လုံး ၊  စက်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးမှ အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ပိုလန်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၄)စီး၊ အင်အား(၁+၂၁)ဦး၊ မုံရွာခရိုင် မီးသတ်စခန်း မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အင်အား (၆+၁၄)ဦး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၃)စီး၊ အင်အား(၅+၁၁)ဦး၊ အလုံနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အင်အား(၁+၆)ဦး၊ သလ္လာရပ်ကွက်အရန်မှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ ဒေါနခြံရပ်ကွက်အရန်မှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ အောင်ချမ်းသာရပ်ကွက် အရန်မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကွေ့ကြီး ရပ်ကွက်အရန်မှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ အလယ်ရပ်ကွက်အရန်မှ ရေသယ်ယာဉ်(၁)စီး၊ စက်မှုဇုန်ရပ်ကွက်အရန်မှ ရေသယ်ယာဉ်(၁)စီး၊ စစ်ပင်ရပ်ကွက်အရန်မှ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ်(၁၂)စီး၊ သန္ဓေအင်အား(၆၅)ဦး၊ အရန်အင်အား(၃ဝ)ဦး၊ မုံရွာမြို့မြန်မာနိုင်ငံလူမှုကူညီရေးအသင်းမှ အင်အား(၁၀)ဦး၊ ရဲအင်အား(၁၅)ဦးတို့ဖြင့် စုပေါင်းမီးငြိမ်းသတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)