ပုဗ္ဗသီရိ မတ် ၂၇
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့စစ်မှုထမ်း မှတ်ပုံတင်ရုံးတွင် ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းရန် ဆေးစစ်ရမည့်ပုဂ္ဂိုလ်များအား ဆင့်ခေါ်၍ ယနေ့မွန်လွဲပိုင်းက တွေ့ဆုံ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းရန် ဆေးစစ်ရမည့်ပုဂ္ဂိုလ်များအား တွေ့ဆုံရှင်းလင်းရာတွင် ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်းနှင့်အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးသန်းနိုင်ကျော်၊ ရဲအုပ်ဝင်းမြင့်၊ မြို့နယ်လ.ဝ.ကမှူး ဦဝင်းသိန်း၊ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ကြီးကြပ်၍ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းရန် ဆေးစစ်ရမည့် ပုဂ္ဂိုလ်များအား ဆင့်ခေါ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ် ပြည့်သူများအား ပုံစံ(၃-က)၊ ပုံစံ(၃-ခ) ဖြည့်သွင်းခြင်းများ ဆောင်ရွက်ရာ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ လိုအပ်သည်များ ပြန်လည်တောင်းခံခြင်း၊ သတ်မှတ်၊ ဉပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အချိန်မီဆောင်ရွက်သွား မည်ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းရန် ဆေးစစ်ရမည့်ပုဂ္ဂိုလ်များအား တပ်မတော်ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့များက မတ်လ (၂၉) ရက်နေ့တွင် ဆေးစစ်ပေးသွားမည်ဖြစ်ကြောင်းကို တွေ့ဆုံရှင်းလင်းခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)