မအူပင် မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော် ကျေးရွာအုပ်စု၊ အင်းမကွက်သစ်ကျေးရွာတွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် အင်းမ-ကွပ်သစ်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မှော်ကျေးရွာအုပ်စု၊ အင်းမကွပ်သစ်ကျေးရွာကွန်ကရစ်လမ်းသစ်ကြီးအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၉၀)ဖြင့် ကွန်ကရစ်လမ်း (၁၁၀၀’×၆’×၆”)နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၆၀)ဖြင့် ကွန်ကရစ်လမ်း (၈၀၀’× ၆’×၆”) စုစုပေါင်း ကျပ်သိန်း (၂၅၀)ဖြင့် ကွန်ကရစ်လမ်း (၁၉၀၀’×၆’×၆”)ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး အေးလွင်၊ မအူပင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့် ရွှေတောင်မှော်ကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းအားကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်