သတင်းများ

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်း မ၌ Computer ပန်းချီပြိုင်ပွဲကျင်းပ
Apr 03,2024
ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ငယ်စဥ်မှစ၍ ကွန်ပျူတာကို ကိုင်တွယ်အသုံး ပြုတတ်စေရန်၊ ခေတ်မီပညာရပ်များကို သင်ယူလေ့လာနိုင်စေရန်ရည်ရွယ်၍ Computer ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ 
ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဂျုံဧက (၄၄၀) ထိ ရိတ်သိမ်းပြီးစီး
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဂျုံဧက (၄၄၀) ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ဘုတလင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေက ပြောပြ၍သိရသည်။
ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်
Apr 03,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားပြည်သူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ လစဥ်လတိုင်း ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ မတ်လ ၂ရက် မွန်းလွဲ ၁နာရီက ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
မင်းလှမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Apr 03,2024
‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌မင်းလှမြို့နယ်တွင် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ)မှဦးဆောင် ၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ်များ ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Apr 03,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ်များ ဆုနှင်းသဘင် အခမ်းအနားကို ဧပြီလ (၂)ရက် ညနေ(၃)နာရီက ဥတ္တရာ ရာမကျောင်းတိုက်၌ကျင်းပခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးဆိုင်ရာ တောင်သူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ထန်းရင်းရပ်ကွက်၊ ​ရွှေတောင်ကုန်းဓမ္မာရုံတွင် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက် တိလင်ပရိယတ္တိစာသင်တိုက်၌ ကွန်ပျူတာသင်တန်းအခမဲ့သင်​ကြားဖွင့်လှစ်
Apr 03,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ အမှတ် (၉) ရပ်ကွက် တိလင်ပရိယတ္တိစာသင်တိုက် ရာပြည့်ဓါတ်ပုံပြခန်း (ကွန်ပျူတာ) သင်တန်းကျောင်းတွင် တိလင်ပရဟိတဖောင်ဒေးရှင်းက ကြီးမှူး၍ (ပထမ) အကြိမ် ကွန်ပျူတာသင်တန်းကို ယနေ့နံနက်(၇)နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။