မင်းလှမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မင်းလှ ဧပြီ ၃

‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌မင်းလှမြို့နယ်တွင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှဦးဆောင်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် သာယာဝတီခရိုင်အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/၂၂) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အကြောင်းအရာများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပါ အကြောင်းအရာတို့အား Projector ပြသ၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲတက်ရောက်သည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံပြည်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပေါက်စ