ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက် တိလင်ပရိယတ္တိစာသင်တိုက်၌ ကွန်ပျူတာသင်တန်းအခမဲ့သင်​ကြားဖွင့်လှစ်

ကျောက်မဲ ဧပြီ ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ အမှတ် (၉) ရပ်ကွက် တိလင်ပရိယတ္တိစာသင်တိုက် ရာပြည့်ဓါတ်ပုံပြခန်း (ကွန်ပျူတာ) သင်တန်းကျောင်းတွင် တိလင်ပရဟိတဖောင်ဒေးရှင်းက ကြီးမှူး၍ (ပထမ) အကြိမ် ကွန်ပျူတာသင်တန်းကို ယနေ့နံနက်(၇)နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိလင်ပရဟိတစာသင်တိုက်မှ ဆရာတော် တိလင်္ကရအရှင်ဝါသဝမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပြီး သင်တန်းအား ဖွင်လှစ်ပေးခဲ့ကြောင်း၊ အဆိုပါ သင်တန်းတွင် အခြေခံကွန်ပျူတာဘာသာရပ် (၃)မျိုးကို သင်တန်းဆရာ(၇)ဦးဖြင့် (၃.၄.၂၀၂၄)ရက်နေ့မှ (၃၀.၅.၂၀၂၄)ရက်နေ့အထိ  သင်တန်းချိန် (၄)ချိန် ခွဲကာ သင်တန်းသား/သူ (၁၀၀)ဦးအား အခမဲ့သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း