ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်

ဒေးဒရဲ  ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုး ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားပေါ်ပေါက်လာပါက အချိန်မီ မီးငြိမ်းသတ်နိုင်ရေး အပေါ့စားမီးသတ်စက် ကိုင်တွယ်အသုံးပြု၍ မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးလုပ်ငန်းစစ်ဆေးအကြံပြုခြင်း၊ အသိပညာပေးဆော်သြခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း