ဟိုပင် မတ်လ ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားပြည်သူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ လစဥ်လတိုင်း ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ မတ်လ ၂ရက် မွန်းလွဲ ၁နာရီက ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲပြိုင်ပွဲတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ စာအုပ်/စာစောင်ပြပွဲအား ကျင်းပရာတက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများက ဖတ်ရှုလေ့လာခဲ့ကြပြီး အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ခင်းကျင်းပြသထားသည့် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ရွှေနဒီနံရံကပ်စာစောင်အား စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပြပွဲပြိုင်ပွဲအခမ်းအနားတွင် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူစုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ ရုံးစာရေးသားနည်း စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။
မိုးသန္တာဦး(ပြန်/ဆက်)