မိုးညှင်းမြို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ်များ ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မိုးညှင်း          ဧပြီ     ၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ်များ ဆုနှင်းသဘင် အခမ်းအနားကို ဧပြီလ (၂)ရက် ညနေ(၃)နာရီက ဥတ္တရာ ရာမကျောင်းတိုက်၌ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ရတနာသုံးပါးကန်တော့ခြင်းနှင့် ငါးပါးသီလခံယူ ဆောက်တည်ကြကာ နိုင်ငံတော်ဩဝါဒါစရိယ ဇေယျသုခ ဝါဆိုကျောင်းတိုက်ဆရာတော်ထံမှ ဩဝါဒကထာ နာယူခဲ့ ကြကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတော်မူပြီးနောက် စာအောင်သံဃာ/သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ စာအောင်လက်မှတ်များကိုအသီးသီး ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုခဲ့ကြ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် မိုးညှင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ပထမအကြီးတန်းတွင် သံဃာတော် (၄)ပါး၊ ပထမအလတ်တန်းတွင် သံဃာ/သီလရှင် (၇)ပါး၊ ပထမအငယ်တန်းတွင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ် (၁၂)ပါး၊ အခြေပြုမူလတန်းတွင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ် (၃၃)ပါး စုစုပေါင်း (၅၆)ပါးကို တာဝန်ရှိသူများက ဆုများအသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း