သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း ပိုစတာ၊ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Apr 04,2024
၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၃ ရက်နေ့၊ ညနေ ၄ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က အဖွင့်အမှာ စကားပြောကြားသည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပုံတူ ပန်းချီ ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Apr 04,2024
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဖိတ်ခေါ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်လေးများ ဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရယ်ရွယ်ပြီး အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပေးခဲ့ရာ ပုံတူပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များအား ဖူးမြော်ကြည်ညို
Apr 04,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆိုနေသည့် စာဖြေသံဃာတော်များအား သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့ပြီး နဝကမ္မဝတ္ထုငွေများလှူဒါန်းခဲ့ကာ စာဖြေသံဃာများ၊ ကြီးကြပ်ဆရာတော်များ လိုအပ်သည်များနှင့် ဝေယျာဝစ္စများအဆင်ပြေမှုရှိစေရေး သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။
ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယမန်နေ့မွန်းတည့် ၁၂ နာရီက စတင်၍ မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမ ပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ အခြေခံမြန်မာ့ရိုးရာခြင်းလုံးသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံမြန်မာ့ရိုးရာခြင်းလုံး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သထုံမြို့နယ်အတွင်းရောင်းချနေသည့် စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Apr 04,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ခရီးသွားရာသီအတွင်း အများပြည်သူခရီးသွားလာရာနေရာများ၌ ရောင်းချနေသည့် စားသောက်ဆိုင်များ၊ စားသောက်ကုန်ပစ္စည်းများ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချနိုင်ရေးအတွက် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စဉ့်ကူးမြို့နယ်တွင် ပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲ ပထမနေ့ စတင်​ကျင်းပ
Apr 04,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် ပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲ ပထမနေ့အား မန္တလေးတိုင်းဒေသကြီး၊ ​သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ သာသာနာ့ဗိမာန်၌ ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်မှ စတင်၍ ကျင်းပခဲ့သည်။
မတ္တရာမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ/ဓမ္မပဒ၊ ဒွေမာတိကဘာသာ/ဓမ္မပဒဘာသာရပ်ကို  ယမန်နေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၁)ရပ်ကွက် အောင်မြေသုခကျောင်းတိုက် စာစစ်ဌာနတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။