သတင်းများ

စဉ့်ကိုင်မြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်/စာဖတ်ဝိုင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 06,2024
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ/သားများ စာမတတ်သူပပျောက်ရေး၊ စာတတ်မြောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ‌စီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူပေါင်း၍ အခြေခံစာတတ်မြောက်ရေး စာသင်/စာဖတ်ဝိုင်းဖွင့်ပွဲ အခမ်းအနားကို မြို့ဝန်ကုန်း (အ.မ. က)တွင် ဧပြီလ ၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
သာယာဝတီမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧက အစိုတင်း(၁၃၂) တင်းထွက်ရှိ
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၈၂/၃) ရှိ တောင်သူဦးထွန်းထွန်းဝင်း၏ ကွင်းအမှတ်(၁၃၅၂) နွေစပါးစိုက်ခင်းတွင် စိုက်ပျိုးထားသော နွေစပါး စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၇ နာရီက စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့​သည်။
မိတ္ထီလာမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း ၁၇ ဝိုင်းစတင်ဖွင့်လှစ်သင်ကြား
Apr 06,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျေးရွာနယ်မြေများအလိုက် စာသင်ဝိုင်း ၁၇ ဝိုင်းကို ယနေ့ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
ကျောက်ဆည်မြို့တွင် အခြေခံစာတတ်မြောက်ရေး “အ” သုံးလုံးသင်တန်းဖွင့်လှစ်
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် နိုင်ငံသူနိုင်ငံသားများ ပညာရယူရန်ကိရိယာဖြစ်သော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် နမူနာနည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်သွားရန်နှင့် ဒေသ၏အခြေခံစာတတ်မြောက်နှုန်း တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေး “အ” သုံးလုံးသင်တန်းကို အဆိုပါကျောင်းသုံးထပ်ဆောင်ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
ကဝမြို့နယ်တွင် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကဝမြို့ စက်ကျောင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။
မိုးကုတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ  သုံးသပ်ဆွေးနွေးပွဲကျင်းပ
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့၌ ရွှေတိဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏(၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တရားတော်နာ အခမ်းအနားကျင်းပ
Apr 06,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  ပရဟိတမြို့မ သာသနာပြုကျောင်း၌ ရွှေတိဂုံပုံတူ အနှိုင်းမဲ့ ဆုပန်ပြည့် စေတီတော်မြတ်ကြီး၏ (၁၆)နှစ်မြောက်  ဗုဒ္ဓပူဇနိယပွဲတော်  တရားတော်နာ အခမ်းအနားကို   ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။