ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဂျုံဧက (၄၄၀) ထိ ရိတ်သိမ်းပြီးစီး

မုံရွာ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဂျုံဧက (၄၄၀) ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ဘုတလင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေက ပြောပြ၍သိရသည်။

ဘုတလင်မြို့နယ်၌ ` ဆောင်း သီးနှံစိုက်ပျိုးရာသီက ဂျုံဧက (၄၄၀) စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးခဲ့သော ဂျုံများကိုဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧက (၄၄၀) ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ရိတ်သိမ်းခဲ့သည့် ဂျုံတစ်ဧကလျှင် ၁၉.၂၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ဆောင်းသီးနှံစိုက်ပျိုးရာသီကဂျုံကို ဘုတလင်မြို့နယ်မှာ စိုက်ဧက (၄၄၀) စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ဂျုံဧက (၄၄၀) ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ကျန်တဲ့ ဆောင်းသီးနှံတွေ အခက်အခဲမရှိ စိုက်ပျိုးနိုင်ဖို့အတွက် မစိုက်ခင်အချိန်ကနေလက်ရှိအချိန်ထိ တောင်သူတွေနဲ့ ဌာနပေါင်းစပ်ဆောင်ရွက်ခဲ့ပါတယ်ဟု ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦး​ဖြိုးဝေကပြောပြသည်။ ဘုတလင်မြို့နယ်၌ သီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံများအားလုံးလျာထားဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ ဂျုံများအထွက်နှုန်းတိုးတက် ကောင်းမွန်စေရေး၊အရည်အသွေးကောင်းဂျုံများစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ ဆောင်းသီးနှံများစိုက်ပျိုးနိုင်ရန်အခက်အခဲမရှိ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးထား ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)